• Admin

JBL နဲ့ Iron Cross တို့ရဲ့ ပူးပေါင်းမှုတစ်ခု

Updated: Aug 13, 2019

AUTHOR Khin Lay Myint :

Ghin Gar Cherry Co.,Ltd မှ တင်သွင်းတဲ့ JBL VTX V25 မိတ်ဆက်ပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ မိတ်ဆက်တဲ့ စက်ပစ္စည်းများကို မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ ရော့်ခ်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Iron Cross တေးဂီတအဖွဲ့က ၂၀၁၆ ခုနှစ်ရဲ့ တေးဂီတဖျော်ဖြေပွဲတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် နှစ် ၂၀ အတွင်းမှာ ပွဲစုံ၊ ပုံစံအစုံနဲ့ဖျော်ဖြေခဲ့တဲ့ Iron Cross အဖွဲ့မှ လေးဖြူက လွန်ခဲ့တဲ့နှစ်များစွာက ပွဲတွေမှာ အဆင်ပြေတဲ့ပွဲတွေရှိသလို အဆင်မပြေတာတွေလဲရှိပြီး နည်းမျိုးစုံနဲ့ အခက်အခဲများကိုဖြေရှင်းခဲ့ကြောင်း၊ စက်ပိုင်ရှင်တစ်ဦးတည်းကိုပဲ ဆက်သွယ်လုပ်ဆောင်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ထူး ထရေးဒင်းနဲ့ လွန်ခဲ့တဲ့ ၃ နှစ်က စတင်လက်တွဲလုပ်ဆောင်ခဲ့ပြီး  အကောင်းဆုံးစက်တွေကို အသုံးပြုခဲ့ကြောင်း၊ ဖျော်ဖြေပွဲတွေမှာ မသိမသာ ပြောင်းလဲလာတာတွေရှိပြီး အချိန်၊ အသက်အရွယ်အစုံ ဖြစ်ပေါ်ပြောင်းလဲလာတာမူညီကြောင်း၊ တစ်နာရီပိုင်းလောက်ဖျော်ဖြေရတဲ့ပွဲဖြစ်ပေမယ့် အသံပိုင်းဆိုင်ရာ၊ စက်ပစ္စည်းပိုင်းဆိုင်ရာများကို  ဖြေရှင်းရတာများကြောင်း၊ နောက်ပိုင်းမှာ စက်ပစ္စည်းပိုင်းကို ပြောင်းလဲလို့ရတာပြောင်းလဲကြောင်း၊ အခုအသုံးပြုတဲ့ စက်ပစ္စည်းများကလဲ နောက်ထပ်နှစ်ပွဲလောက်ဆိုရင် ဒိထက်ပိုကောင်းတဲ့ အသံတွေထုတ်နိုင်မယ်လို့ ယုံကြည်ကြောင်းများ ဆိုပါတယ်။

အသစ်မိတ်ဆက်တဲ့ JBL VTX V25 စက်များကိုအသုံပြုကပြီး မျိုးကြီးရဲ့ Live 90 ဒုတိယမြောက်ပွဲမှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ နည်းပညာတွေ ပြောင်းလဲတိုးတက်လာနဲ့အမျှ ပရိသတ်ကိုပေးတဲ့အရသာများကိုလဲ အသစ်များအဖြစ်ပေးချင်ကြတာပါ။ Ghin Gar Cherry Co.,Ltd က ထူးခြားတဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို တင်သွင်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဆယ်စုနှစ်နီးပါးတစ်ခုမျှရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် music ပိုင်းဆိုင်ရာပံ့ပိုးမှုများကို Shwe Lee Music Singapore နဲ့ ပူးပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့ 2014 Guitar Instrumental Show ကိုပြုလုပ်ခဲ့ပါတယ်။ မိတ်ဆက်လိုက်တဲ့ JBL များက ပရိသတ်အနည်းအများအလိုက်၊ တီးခတ်ထားတဲ့ ဂီတအမျိုးအစားအလိုက် ချက်ချင်းပြောင်းလဲနိုင်တဲ့ Software Control System များပါရှိပြီး ပရိသတ်များက Audio system ကြောင့်ဖြစ်ပေါ်လာမယ့် ဘယ်လိုအနှေက်အယှက်မျိုးမှမရှိပဲ ဂီတရဲ့အရသာကို အပြည့်အ၀ခံစားနိုင်မှာဖြစ်တယ်လို့ Ghin Gar Cherry Co.,Ltd မှတာဝန်ရှိသူက ဆိုပါတယ်။

Photography by:  Zwe Nyi


Follow Us